မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှကြီးမှူး၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈.၁၂.၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ တက်ရောက်အင်အား (၂၀) ဦးဖြင့်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက မွန်ပြည်နယ်အတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် ဆောင်ရွက်ထားမှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ထိုနောက် တက်ရောက်လာသော ကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေးတင်ပြခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၍ နိဂုံးချုပ်အမှာစကားကို မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုက ပြောကြားပြီး အခမ်းအနားကို (၁၅:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။