၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်း အဝေးခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မုံရွာမြို့ပေါ်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား ကျင်းပ ခဲ့ပါသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မုံရွာမြို့ပေါ်ရှိ ပရဟိတဂေဟာ (၅)ကျောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၆)ကျောင်း တို့အား ထောက်ပံ့ငွေစုစုပေါင်း (၂၁,၉၆၀,၀၀၀)ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
၎င်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ ပါသည်။












