၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို (၁.၁၀.၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန် မော်လမြိုင်မြို့၊သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ တက်ရောက်လာသော တောင်ဝိုင်းဘိုးဘွားရိပ်သာမှ ဘိုး၊ ဘွား (၂၀) ဦးအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပါသည်။ ထို့နောက် ဘိုးဘွားများအား ဂုဏ်ပြုဂါရဝငွေ ကျပ် ၅၀၀၀ဝိ/-၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လှူဒါန်းသည့် ကျပ် ၅၀၀၀ဝိ/- တန်ဖိုးရှိ ဆေးဝါးများပါ ပုံး (၁) ပုံး၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ လှူဒါန်းသည့် လုံချည်၊ ထမီ (၁) ထည်စီ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ လှူဒါန်းသည့် ခြုံစောင် (၁) ထည်စီနှင့် ကွေကာအုပ် (၁) ထုပ်စီတို့ကို တက်ရောက်လာသော ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဒါန်းခဲ့ကြပြီး၊ အဘိုး(၁) ဦးနှင့်အဘွား (၁) ဦးက ဆုတောင်းမေတ္တာပြန်လည်ပို့သကာ အခမ်းအနားကို မွန်းလွဲ (၁၃:၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ ကန်တော့ခံဘိုးဘွား (၁၈၉) ဦးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ငွေသားနှင့်ပစ္စည်းတန်ဖိုးကျပ် ၁၄၂,၀၈,၀၀ဝိ/-(ကျပ်တစ်ရာလေးဆယ့်နှစ်သိန်းရှစ်ထောင်တိတိ) ကိုလှူဒါန်းခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း အင်အား (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
နောက်ဆုံးရသတင်းများ
အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား စစ်ကိုင်းတိုင်းဒေသကြီး
၀၂ အောက်တိုဘာ ၂၀၂၄
အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်မျာနေ့ ကျင်းပခဲ့မှုမှတ်တမ်း
၀၁ အောက်တိုဘာ ၂၀၂၄
အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား
၀၁ အောက်တိုဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ
၁၀ စက်တင်ဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး
၀၉ စက်တင်ဘာ ၂၀၂၄