၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာလ(၂၂)ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လူမှုဝန်ထမ်းဦးစီး ဌာနရုံးတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို ဒီဇင်ဘာလ (၂၂)ရက် မှ (၂၆) ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းတွင် သင်တန်းသား/သူ(၃၈)ဦး တက်ရောက်လျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းပို့ချခဲ့ပါသည်။ သက်ဆိုင်ရာ ဘာသာရပ်များကို ဒုတိယညွှန်ကြားရေးမှုူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ဦးစီမှူးများမှ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။




နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား

MOS

DSW

DDM

DOR