လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကျား/မအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှု ဆိုင်ရာသင်တန်းဖွင့်ပွဲကို (၂၇-၁၂-၂၀၂၁) နံနက်(၉:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာန သည် လုပ်ငန်း(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်း ရပ်တွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းပါဝင်ပါကြောင်း၊ အမျိုးသမီး တွေ အကြမ်းဖက်ခံရလျင် ဖွံ့ဖြိုးမှုလမ်းကြောင်းကို မရောက်နိုင်ဘဲရှိနိုင်ကြောင်း၊ (အပေါင်း လက္ခဏာမဆောင်ဘဲ၊ အနှုတ်လက္ခဏာဆောင်နိုင်ကြောင်း) ဒါမျိုးတွေမဖြစ်ရအောင် လူမှုဝန်ထမ်းသမားတွေရဲ့ တာဝန်တွေသည်သူတို့ရဲ့လိုအပ်တဲ့ဝန်ဆောင်မှုတွေကိုပေးရမှာ ဖြစ်ကြောင်း ၊ Help line သည် ပြည်သူလူထုနှင့် တိုက်ရိုက်ချိတ်ဆက်နေသည့် လုပ်ငန်း ဖြစ်ကြောင်း ၊ ပြည်သူလူထုမှ အားကိုးယုံကြည်၍ တိုင်ကြားလာတာဖြစ်သည့်အတွက် ဆက်ဆံရေးကောင်းမွန်ဖို့လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် Gender,GBV ကို ကောင်းစွာသိနားလည်ဖို့လိုအပ်ကြောင်း၊ အကြမ်းဖက်မှုအကြောင်းတရားများကို နက်နက်နဲနဲ သေသေချာချာသိဖို့လိုအပ်ကြောင်း၊  ပေးလိုက်သည့်အသိပညာနဲ့ တိုင်ကြားလာတဲ့ case တွေတိုက်ရိုက်ဖြေရှင်းဖို့မဟုတ်ကြောင်း၊ ဒါကိုဖြေရှင်းဖို့ Case Management သင်တန်း သီးသန့်ပေးရမှာဖြစ်ကြောင်း၊ အသုံးချနိုင်မည့် Skill တွေရဖို့လိုအပ်ပါကြောင်း၊ GBV ဖြစ်ရပ်တွေသည် ဖြေရှင်းဖို့ခက်ခဲနက်နဲကြောင်း၊ တိုင်ကြားသူများရဲ့အချက်အလက်တွေ မပေါက်ကြားဖို့ ထိန်းသိမ်းရန်လိုအပ်ကြောင်း ၊ report note တွေမှာ သေချာရေးဖို့ လိုအပ်ကြောင်း၊ တိုင်ကြားသူများအနေဖြင့် စိတ်ချယုံကြည်စွာနဲ့ ဖုန်းနံပါတ်ပေးခဲ့ရန်နှင့် စနစ်တကျ ဖြေရှင်းပေးမည်ဖြစ်ကြောင်း သေချာရှင်းလင်းပြောကြားပေးစေလိုကြောင်း၊ ဆက်ဆံရေးပြေပြစ်ရမည်၊ ပညာရပ်ပိုင်းဆိုင်ရာနားလည်ရမည်။ ဖုန်းလက်ခံပေးသူသည် တိုင်ကြားဖြစ်စဉ်ကို ရာနှုန်းပြည့်ဖြေရှင်းဖို့မဟုတ်ဘူးဆိုတာ နားလည်ထားဖို့လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေး ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW)ကို ၁၉၉၇ခုနှစ်တွင်  အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊ အမျိုးသမီးတွေကို ဘယ်လိုနည်းနဲ့မှ ခွဲခြားဆက်ဆံလို့မရကြောင်း၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အကြမ်းဖက်မှုဖြစ်ရပ်တွေ ကာကွယ် ပေးနိုင်ဖို့  ဒီသင်တန်းကိုပို့ချရခြင်းဖြစ်ပါကြောင်း။

အမျိုးသမီးဖွံ့ဖြိုးတိုးတက်ဖို့ကို မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးအတိုင်း အတာအနေနဲ့လည်း အမျိုးသမီးတွေခွဲခြားဆက်ဆံမှုပပျောက်ဖို့ လုပ်နေတယ်ဆိုတာ သင်တန်းသား/သင်တန်းသူများ သိစေချင်ကြောင်း၊ ကျား/ မ အခြေပြုအကြမ်းဖက်တင် မကဘဲ၊  ကလေးသူငယ်အကြမ်းဖက်ဖြစ်ရပ်များရှိကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုရှိ ကြောင်း၊ တိုင်ကြားလာတဲ့အခါမှာကောင်းစွာ နားထောင်ပေးဖို့လိုအပ်‌ကြောင်း၊ ၂၀၁၆ ခုနှစ် Help Line စတင် ဖွင့်လှစ်သည့်နေ့မှ ဖုန်းခေါ်ဆိုမှုပေါင်း ၁၆၅၆ ရှိပြီး၊ ၁၀၄၂ ခုသည် ကျား၊မအခြေပြုအကြမ်းဖက်မှုဖြစ်ပါကြောင်း၊ တိုင်ကြားလာသည့်အမှုများသည် ကျား၊မ အခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များကိုတွေ့ရှိရသဖြင့် လိုအပ်ချက်ပေါ်မူတည်၍ သင်တန်း (၂)ရက်တာကို  စီစဉ်ပေးရခြင်းဖြစ်ကြောင်း ၊ သေချာနားထောင်သင်ယူဖို့ တိုက်တွန်း ပြောကြားလိုပါကြောင်း၊ လူမှုဝန်ထမ်းနဲ့ပြည်သူလူထုက တိုက်ရိုက်ချိတ်ဆက်တဲ့အတွက် အကျိုးထိရောက်စွာနဲ့ ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးနိုင်ပါစေလို့ ပြောကြားသွား ပါသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းမှာ ကျား၊မ အခြေပြုအကြမ်းဖက်မှု ဖြစ်ရပ်များ ဖြေရှင်း ဆောင်ရွက်မှုဆိုင်ရာသင်တန်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနတွင် ဖွင့်လှစ်ထား သည့် (၂၄) နာရီ Help Line တွင် တာဝန်ကျဝန်ထမ်းများ GBV ဖြစ်ရပ်တိုင်ကြားမှုများကို လက်ခံတုံ့ပြန်ရာတွင် ဝန်ထမ်းများအရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင်ပေးရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန (ရုံးချုပ်) မှ Help Line တာဝန်ကျဝန်ထမ်း (၂၆)ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်း ကာလမှာ (၂၇.၁၂.၂၀၂၁) မှ (၂၈.၁၂.၂၀၂၁) ရက်နေ့အထိ (၂) ရက်တာ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR