၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စတုတ္ထ ( ၃ ) လပတ်အတွင်း ၁၉. ၁. ၂၀၂၆ ရက်မှ ၂၃. ၁. ၂၀၂၆ ရက်ထိ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသက်လှိုင်ထွန်း၊ ညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့် ကလေးပြုစုရေးဌာန၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ စုစည်းရရှိနိုင်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရန်နှင့် ရပ်ရွာအတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များ၏ လူမှုရေးရာဖြစ်ရပ်များကို ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ “လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေး’’ သင်တန်းအား တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီတို့မှ သင်တန်း ( ၁၀ ) ဦး၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲမှ သင်တန်းသား ( ၁၀ ) ဦး၊ လူမှုရေးလုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ပရဟိတလူမှုကူညီ‌ရေးအသင်းမှ သင်တန်းသား ( ၃ ) ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတဂေဟာ/  ဘိုးဘွားရိပ်သာများမှ သင်တန်းသား (၇) ဦး၊ စုစုပေါင်းသင်တန်းသား ( ၃၀ ) ဦးဖြင့် ( ၅ ) ရက်တာသင်တန်းအား ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း

MOS

DSW

DDM

DOR