၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီမှ (၂.၁၀.၂၀၂၄)ရက်နေ့၊ (ဗုဒ္ဓဟူးနေ့) နံနက်(၀၉း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ဘိုးဘွာရိပ်သာများမှ ကိုယ်စားလှယ်များ၊ ကန်တော့ခံဘိုးဘွားများနှင့် သက်ကြီးရွယ်အို များနေ့ပိုင်း စောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများ စုစုပေါင်း (၃၄၀)ဦး တက်ရောက်ခဲ့ပါသည်။

 အခမ်းအနားတွင်  သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုးအဘွားများမှ “သက်ကြီးပုဂ္ဂိုလ်ဂုဏ်ပြုတေး” သီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သက်ကြီး ရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများမှ DCCA ယိမ်းအဖွဲ့ဖြင့် လည်းကောင်း၊ “Chair Based Exercise” သရုပ်ပြသခြင်းတို့အား လည်းကောင်း၊ ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများမှ “ထာဝရသစ္စာ” သီချင်းဖြင့် လည်းကောင်း  ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံး ဘိုးဘွား(၃)ဦး၏ ကိုယ်ရေးရာဇဝင်အကျဉ်းအား ဖတ်ကြားတင်ပြပြီး ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက်ထောက်ပံ့ပေး မည်ဖြစ်ကြောင်း၊ အသက်အကြီးဆုံးဘိုးဘွား (၃)ဦးအား (၁)ဦးလျှင် ငွေကျပ် ၁၅၀၀၀၀/- နှုန်းဖြင့်လည်းကောင်း၊ တစ်ခရိုင်လျှင် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၃)ဦး စုစုပေါင်း(၄၂)ဦးအား (၁)ဦးလျှင် ငွေကျပ် ၁၀၀၀၀၀/- နှုန်းဖြင့်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့မှ ဘိုးဘွား (၁)ဦးလျှင် ငွေကျပ် ၁၀၀၀၀/- နှုန်းဖြင့်လည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဘိုးဘွား (၁)ဦးလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်းဖြင့်လည်းကောင်း စုစုပေါင်း ဘိုးဘွား(၄၅)ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လှူဒါန်းသော ဆေးဝါးနှင့်အသုံးအဆောင်ပစ္စည်းများ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ကြီးများနှင့်ဇနီးတို့မှ အသီးသီးဂါရဝပြုပေးအပ် ကြပါသည်။   

ဆက်လက်ပြီး ဖျော်ဖြေရေးအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ဂုဏ်ပြုခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများမှ သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ခင်းကျင်းပြသထားသည့် ပန်းချီပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ပါကြောင်းနှင့် အခမ်းအနားကို နံနက် (11:30) နာရီတွင် ပြီးမြောက်ခဲ့ပါသည်။








နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR