ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ပညာသင်နှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများ ကို မေလ ၄ ရက်မှစတင်ကာ ဖွင့်လှစ်လျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် အသက် (၃) နှစ်မှ (၅) နှစ်အတွင်းရှိ ကလေးသူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိပြီး နေပြည်တော်အတွင်းရှိ သက်ဆိုင်ရာ မူလတန်းကြိုကျောင်းအသီးသီးတွင် ကလေးငယ်များအား ကစားစရာများနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း ပြည့်စုံစွာ စီစဉ်ထားရှိရာ ကလေးသူငယ်များမှာ ပျော်ရွှင်ချမ်းမြေ့စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မိဘအုပ်ထိန်းသူများအနေဖြင့်လည်း မိမိတို့၏ ရင်သွေးငယ်များကိုငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပေးနိုင်သည့် မူလတန်းကြိုကျောင်းများသို့ စိတ်အေးချမ်းသာစွာ လာရောက်အပ်နှံထားရှိကြကြောင်းနှင့် ကျောင်းများဖွင့်လှစ်မှုကြောင့် ကလေးငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုး တိုးတက်မှုများစွာ အထောက်အကူပြုလျက်ရှိပါသည်။



နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း

MOS

DSW

DDM

DOR