ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs)ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ညနေပိုင်းတွင် Video Conferencing ဖြင့်ကျင်းပရာ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည် နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကချင်ပြည် နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်ဒုတိယဝန်ကြီးက ကချင်ပြည်နယ်အတွင်းရှိ နေရပ် စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုကိစ္စနှင့်ပတ်သက်၍ ကချင်ဒေသတိုက်ပွဲရှောင် ပြည်သူများ အားကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)အဖွဲ့နှင့် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရန်ရှိပါကြောင်း၊ တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ နှင့်ပတ်သက်၍ ဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်နေမှုများ၏ တိုးတက်မှုအခြေအနေ များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များအပေါ် ဆွေးနွေးပေးကြပါရန် ပြောကြားပါသည်။
လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုများနှင့် နေရပ်ပြန်ရေး ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက KHCC နှင့် စတုတ္ထအကြိမ် အစည်းအဝေးတွင် ဆွေးနွေးရမည့်အချက်များအား အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုအကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အား နိုင်ငံတော်သမ္မတရုံးမှ (၈.၅.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR