မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သတင်းအချက်အလက်နည်းပညာနှင့် လွယ်ကူ စွာသွားလာနေထိုင်အသုံးပြုနိုင်ရေးဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင် ဦးဆောင်၍ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သတင်း အချက်အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေး ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်တဲ့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သတင်းအချက် အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေးဆိုင်ရာ ဆပ်ကော်မတီအစည်း အဝေးသို့ တက်ရောက်ပေးပါသော ဆပ်ကော်မတီအဖွဲ့ဝင်များနဲ့ ဖိတ်ကြားထားသူအားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ပထမဦးစွာ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်း ရေးဆွဲထားရှိမှုအကြောင်းကို ကျွန်တော့်အနေနဲ့ အနည်းငယ်ပြောကြားလိုပါတယ်။ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မဟာဗျူဟာ(၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇)ကို ရေးဆွဲခဲ့ပြီးတော့ (၁၅.၉.၂၀၂၂)ရက်နေ့တွင် မိတ်ဆက်ဖြန့်ချိပြီးဖြစ်‌ကြောင်းပြောကြားလိုပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ အဲ့ဒီမဟာဗျူဟာမှာ ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု စသည့် အခန်း(၆)ခန်းနဲ့ ရေးဆွဲထားကြောင်း ပြောကြားလိုပါတယ်။ မိမိဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တဲ့ သတင်းအချက်အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြု နိုင်ရေးဆိုင်ရာ ဆပ်ကော်မတီအနေဖြင့် အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှုကဏ္ဍ အတွက် လုပ်ငန်းစီမံချက်(Action Plan)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မဟာဗျူဟာရဲ့ ရည်မှန်းချက်အနေနဲ့ မသန်စွမ်းသူတွေ ကိုယ်စိတ်နှစ်ပါး လုံခြုံ ဘေးကင်းစွာဖြင့် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ အပြည့်အဝပါဝင် ဆောင်ရွက်နိုင်ဖို့ အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် မသန်စွမ်းသူများ  လက်လှမ်းမီရယူအသုံးပြုနိုင်တဲ့  သတင်းအချက် 

အလက်များဖြန့်ဝေရေး၊ မသန်စွမ်းသူများ၏  သွားလာလှုပ်ရှားမှုကို  မြှင့်တင်ပေးတဲ့ နည်းပညာ များဖွံ့ဖြိုးရေးနှင့် အသုံးချနိုင်ရေးဖို့ ဆောင်ရွက်ရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ အပန်းဖြေ အနားယူနိုင်ရေး၊ ခရီးသွားလာနိုင်ရေး၊ ယဉ်ကျေးမှုနှင့်ဖျော်ဖြေရေး၊ အားကစားနှင့် ကိုယ်လက် လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရေးစသည့် ကဏ္ဍစုံတွင် မသန်စွမ်းသူများအနေဖြင့် အများနည်းတူ ပါဝင်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူများ အတွက် အဟန့်အတားမရှိ သွားလာ‌နိုင်စေမည့် အများသုံးသယ်ယူပို့ဆောင်ရေးစနစ်နှင့် အခြေခံ အဆောက်အဦများကိုလည်း ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။ မိမိတို့ဆပ်ကော်မတီအနေဖြင့် တင်ပြပါအချက်များကို ထိထိရောက်ရောက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့် လုပ်ငန်းစီမံချက်(Action Plan)ကို ရေးဆွဲသွားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုရေးဆွဲထားရှိသည့် လုပ်ငန်းစီမံချက်(မူကြမ်း) ကိုလည်း ဆပ်ကော်မတီအတွင်းရေးမှူး၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်း တင်ပြသွားမှာဖြစ်ပါတယ်။ ယခုလုပ်ငန်းစီမံချက်(မူကြမ်း)မှာလည်း လတ်တလောဆောင်ရွက် နိုင်မည့်လုပ်ငန်းများ၊ ရေတိုရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများဟု ခွဲခြားသတ်မှတ်ပြီး ထည့်သွင်း သင့်ပါကြောင်းလည်း အကြံပြုလိုပါတယ်။ သက်ဆိုင်ရာဌာနများအလိုက်လည်း (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက်လျာထားသည့် ငွေစာရင်းခေါင်းစဉ်များအောက်မှ မသန်စွမ်းသူများ၏အခွင့်အရေး အတွက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဦးစားပေးထည့်သွင်း ရေးဆွဲသင့်ပါကြောင်း အကြံပြုလိုပါတယ်။ ယခုလုပ်ငန်းစီမံချက်(မူကြမ်း)များကို ၂၀၂၃ ခုနှစ်၊ မေလအတွင်းမှာ လျာထား ကျင်းပမဲ့ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြအတည်ပြု သွားဖို့လည်း လျာထားပါတယ်။ ဒါ့ကြောင့် ယခုလုပ်ငန်းစီမံချက် (Action Plan)ကို အမြန်ဆုံး ရေးဆွဲသွားဖို့ လိုအပ်ပါကြောင်း ထပ်မံပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ အမျိုးသားအဆင့် မဟာဗျူဟာတစ်ခုကို အကောင်အထည်ဖော်ရမည့် လုပ်ငန်းစီမံချက် (Action Plan)ဖြစ်သဖြင့် ပါသင့်ပါထိုက်တဲ့အချက်များ ပါဝင်စေရေးနှင့် စီမံကိန်းကာလ (၅)နှစ်အတွင်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေ ပါဝင်စေလိုကြောင်းနှင့် လိုအပ်ပါက ဆပ်ကော်မတီအစည်းအဝေးကို နောက်တစ်ကြိမ် ထပ်မံခေါ်ယူကျင်းပသွားမှာ ဖြစ်ပါ ကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR