မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (/၂၀၂၂) ကို (၂၅.၁၀.၂၀၂၂) ရက်နေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပရာ မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ အခွန်အယူခံအဖွဲ့ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကော်မတီဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟိုအလုပ် အမှုဆောင်အဖွဲ့) တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြပါသည်။

          နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကိုဗစ် - ၁၉ ကပ်ရောဂါ အလွန်ကာလများတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များချမှတ်ထားရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ () နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ကို စက်တင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ဖြန့်ချိ ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းစီမံချက် များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းစဉ်များတွင် အသုံး စရိတ်များ ကျခံသုံးစွဲနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်ပြတောင်းခံသွားရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ () ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦး စီမံကိန်းနယ်မြေ () ခုတွင်စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ တွင် မြို့နယ်ပေါင်း (၃၃၀) ရှိသည့်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်စေရေး စီမံကိန်း ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ (၂၀၂၄) ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာ တွင် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ် ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ရန်ပုံငွေကျပ် () ဘီလီယံကို အလေအလွင့်မရှိဘဲ စနစ်တကျတိုးပွားစေရေးအတွက် အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများသို့ စီးပွားရေးချေးငွေကာလတို သုံးနှစ်ထုတ်ချေးပြီး ရန်ပုံငွေကို တိုးပွားအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အမျိုးသားကော်မတီ၏ အောက်တွင် ချေးငွေထုတ်ချေးရေးကော်မတီ၊ ချေးငွေစိစစ်ရေးအဖွဲ့နှင့် ချေးငွေကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းရန်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အရင်းမပျောက်မတည်ရန်ပုံငွေမှ တိုးပွားလာမည့် ရန်ပုံ ငွေကို မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးပေးမည့် အစီအစဉ်နှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရေးဆွဲနိုင်ရေးအတွက် မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့ အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်း သူများ ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိရေးသည် အရေးကြီးသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖွင့်လှစ်လျက်ရှိသည့် Vocational Training သင်တန်းများတွင် မသန်စွမ်းသူများ ပုံမှန်ပါဝင်တက်ရောက်နိုင်ရေး စီမံချက်ရေးဆွဲ ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းတိုးတက် ရရှိစေ ရေးအတွက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများ၊ လုပ်ငန်းရှင်များ၊ စီမံအုပ်ချုပ်သူ များကို မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊ နည်းဥပဒေနှင့် ဝေပုံကျနှုန်းထားတို့ကို အသိပညာ ပေးခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအား အလုပ်အကိုင် ခန့်ထားပေးသည့် လုပ်ငန်းအဖွဲ့အစည်းများကိုလည်း ဂုဏ်ပြုပေးရမည်ဖြစ်ကြောင်း၊ အင်ဒို နီးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမသန်စွမ်းအားကစားသမားများက ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့် () နေရာကိုရရှိခဲ့ကြောင်း၊ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခန့်ညားစေသဖြင့် အားကစား အဆင့်အတန်းမြင့်မားရေးသည် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် အောင်ပွဲရမသန်စွမ်းအားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း၊ မျိုးဆက်သစ် မသန်စွမ်းအားကစားသမားများ လေ့ကျင့် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့် အရေးဆိုင်ရာကိစ္စရပ်များတွင် ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် အမျိုးသားကော်မတီ ဝင်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆက်လက်ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန်ပြောကြားပါသည်။

          ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာများနှင့် မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ အမျိုးသားကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေး (/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို လည်ကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟိုအလုပ်အမှုဆောင်အဖွဲ့) အတွင်းရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR