ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၈-၂၀၂၄) ရက်‌နေ့ (၂၂:၀၀)အချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)၊ အမှတ် (၂၀) ရပ်ကွက်၊ ဆရာစံလမ်းတွင် မီးလောင်မှုကြောင့် လုံး၀ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-)၊ သေဆုံးလူဦးရေ (၁) ဦးအတွက် သေဆုံး‌ထောက်ပံ့ငွေ (၃၀၀,၀ဝဝိ/-)၊ ဘေးသင့်အိမ်ထောင်စု  (၁၀) စုမှ လူဦးရေ ကျား (၁၅) ဦး၊ မ (၁၃)ဦး၊ စုစုပေါင်းလူဦးရေ (၂၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၈,၈၀ဝ/)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးပါ တန်ဖိုး(၁,၂၃၀,၃၃ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၈၉,၁၃ဝ/-) တို့အား (၃၀-၈-၂၀၂၄) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာနှင့် ညိုပင် ကျေးရွာအုပ်စု၊ သုံးတန်ကူးကျေးရွာ၌ ဖြစ်ပွားသော ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်(နည်းပြ) သင်တန်းတွင် သဘာဝဘေးအသိပညာပေး ဆွေနွေးဟောပြောမှုသတင်း

MOS

DSW

DDM

DOR