ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၂၂) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပန်းမှော်ကျေးရွာအုပ်စု၊ နကုန်းကျေးရွာအုပ်စုရှိ လေပြင်းဘေးကြောင့် ပြိုကျပျက်စီးအိမ်ခြေ (၁၁)လုံးနှင့် စပါးကြီးအုပ်စု၊ ပဒဲကောကျေးရွာရှိ အမိုးလန်ပျက်စီးဘုန်းတော်ကြီး ကျောင်း(၁)ကျောင်းတို့အတွက် စုစုပေါင်း အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၂၀၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ စုစုပေါင်း (၃၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၃၅၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ၊ စုစုပေါင်းထောက်ပံ့ (၈၉၃၅၀ဝ/-)ကျပ်တိတိအားလည်းကောင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ရေကျော်အောက်ကျေးရွာအုပ်စု၊ သက္ကယ်သောင်ကျေးရွာအုပ်စု၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ ဒီးဒူးကုန်းကျေးရွာ အုပ်စု၊ ဖောင်တိုးကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကျောက်ချောင်းအုပ်စုရှိ ပြိုကျပျက်စီးအိမ်ခြေပြိုကျ ပျက်စီးအိမ်ခြေ (၉)လုံး၊ အမိုးလန်ပျက်စီးအိမ်ခြေ (၃၅)လုံးနှင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် စုစုပေါင်း အိမ်/ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၄၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေစုစုပေါင်း (၁၆၆) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၄၈၆၀ဝ/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၉၈၈၆၀ဝ/-)ကျပ်တိတိအားလည်းကောင်း၊ ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ အုပ်စုရှိ ပြိုကျပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၂၆၀ဝ/-)ကျပ် တိတိအား လည်းကောင်း၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်နှင့် ကျောက်ဖျာကျေးရွာရှိ အမိုးလန်ပျက်စီးနေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၉၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၁၇၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၆၇၆၀ဝ/-)ကျပ်တိတိအားလည်းကောင်း ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး ငွေဆောင်မြို့နှင့် ကျောက်ဖျာကျေးရွာတို့ရှိ လူစည်ကားရာနေရာများ၌ မုန်တိုင်းဘေးနှင့် ဆူနာမီဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ဗီနိုင်းစိုက်ထူခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌ ကျေးရွာများ၌ လေပြင်းဘေးကြိုတင် ပြင်ဆင်နိုင်ရေးအတွက် အိမ်ထောင်စုအလိုက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးမှုသတင်း

MOS

DSW

DDM

DOR