Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
၂၄ စက်တင်ဘာ ၂၀၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၆:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ နောင်လုံကျေးရွာ၊ အိန္ဒဲကျေးရွာ၊ အိန္ဒုကျေးရွာ၊ မြပြည်ကျေးရွာ၊
ဝဲကနင်ကျေးရွာ၊ လွန်းညကျေးရွာ၊ ကော့စိန်ဘန်း(အထက်)ကျေးရွာ၊ ကော့စိန်ဘန်း(အောက်)ကျေးရွာ၊
ရွှေပြည်တောင် ကျေးရွာ၊ ခနိမ်းဒိုကျေးရွာ၊ သာမညကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ဝဲကရင်ကျေးရွာနှင့်
သာမညဈေးများသို့ သွားရောက်၍ ပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာ ပေးခြင်းအား အသံချဲ့စက်ဖြင့် ဆောင်ရွက်ခဲ့ပြီး Surgical Mask များ ဖြန့်ဝေခြင်းနှင့် ပိုစတာဗီနိုင်းများ ဖြန့်ဝေခြင်းပေးခဲ့တို့အား ဆောင်ရွက်ခဲ့ပါသည်။