လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ရပ်ကွက်(၆)နေ ပြည်သူများအား ကိုဗစ်-၁၉ နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ မက်(စ်)များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM