COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဆောင်ရွက်မှု
၁၉ ဇူလိုင် ၂၀၂၁
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊
မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊
သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးတို့မှ
တာ၀န်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ
ညောင်ဦးမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မတ္တရာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်၊
ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၁၇-၇-၂၀၂၁) ရက်နေ့နှင့် (၁၈-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း
ဆောင်ရွက်ခဲ့ပါသည်။
Source: DDM