ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ စက်ဝန်း(၃)လမ်း၌ (၂၈-၂-၂၀၂၂)ရက်နေ့၊ (၀၉:၁၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် အိမ်ခြေ (၅)လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၃၈)ဦးတို့ ဘေးသင့်ခဲ့သဖြင့် မီးဘေးသင့်အိမ်ခြေ (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၈၉၀၀၀၀/-)၊ လူဦးရေ(၃၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၇၉၈၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၆)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု(၈)စုစာအတွက် ဆပ်ပြာ(၈)တောင့်၊ လူဦးရေ (၃၈)ဦးအတွက် Mask (၇၆) ခုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၁-၃-၂၀၂၂)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM 

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR