ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမ ကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ရွာမကျေးရွာ တို့တွင် (၁၄-၉-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ်(၂၆)လုံး၊ လူဦးရေ(၁၄၂)ဦးအတွက် Mask (၂၈၄)ခု၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂,၆၀၀,၀၀၀/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၂၉၈,၂၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၈၉၈,၂၀၀/-)အား (၁၅-၉-၂၀၂၁)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံ  သွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။

 

Source:DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR