ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာအုပ်စုတောင်ပိုင်း၌ (၂-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀ဝ/-)ကျပ်တို့အားလည်းကောင်း၊  မုဒုံမြို့နယ်၊ မှိန်ကနိမ်း ကျေးရွာအုပ်စု၊ ကော့ကဗွီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁)လုံးနှင့် အမိုးလန်လူနေအိမ်(၂)လုံး၊ စုစုပေါင်း လူနေအိမ် (၃)လုံးမှ အိမ်ထောင်စု (၃)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀,၀၀ဝ/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀ဝ/-)ကျပ်တို့အားလည်းကောင်း (၂၉-၇-၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR