ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် တိုက်ပွဲ ရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၄၈)စု၊ လူဦးရေ (၂၇၇) ဦးနှင့် ကန်စောက်တိုက်ပွဲရှောင်စခန်းမှ နေရပ်ပြန်နေထိုင်လိုသည့် တိုက်ပွဲရှောင်အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ(၄၇၃)ဦး စုစုပေါင်းအိမ်ထောင်စု(၁၅၂)စု၊ လူဦးရေ (၇၅၀) ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၂၃၄)အိတ် (၉)ပြည်အား ကျောက်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စခန်းတာဝန်ခံကော်မတီများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR