လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်
(၃-၃-၂၀၂၂)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရန်အတွက်
နေအိမ်များကို အားဖြည့် ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များ၊
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊
လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အတူ သွားရောက်ခဲ့ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို
ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။Source: DDM