ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ လှည်းမှောက်အုပ်စု၊‌ ရေထွက်ခုံကျေးရွာတွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ်( ၂၀၀ဝဝဝိ/-)ကျပ် ၊ လူဦးရေ (၁၀)ဦးအတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ ငွေကျပ်(၂၁၀၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၂၁၀၀ဝိ/-)ကျပ်နှင့် ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သောလူနေအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀ဝဝဝိ/-)ကျပ် ၊  လူဦးရေ(၉)ဦးအတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ ကျပ်(၁၈၉၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးကျပ် (၁၈၈၉၀ဝိ/-) ကျပ်တို့အား (၁-၈-၂၀၂၁) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသများသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR