ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၂) ရက်နေ့ (၁၉:၁၀) ချိန်တွင် လားရှိုးမြို့နယ်၊ ရပ်ကွက်(၁၂)၊ ဒေါနလမ်း၊ အိမ်အမှတ်(၂၁၆)နေအိမ်၌ လျှပ်စစ်ဟင်းအိုးအပူလွန်ကဲပြီး ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု​ဖြစ်ပွားခဲ့ရာ သွပ်မိုး/ထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၁)လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦး မီးဘေးသင့်ခဲ့ရာ ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ငွေ(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ အိမ်ထောင်စု(၁)စုစာအား (၁၉-၄-၂၀၂၂) ရက်နေ့၌  ဘေးသင့်ပြည်သူအတွက် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR