ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၉-၇-၂၀၂၁)နေ့ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာမှ နေအိမ် (၃၈)လုံး၊ လူဦးရေ (၁၁၉) ဦး၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှ နေအိမ် (၄)လုံး၊ လူဦးရေ (၁၈) ဦး ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းကြသော စုစုပေါင်းအိမ်ခြေ (၄၂) လုံးအတွက် ရွှေ့ပြောင်းစရိတ် (၄၂) သိန်း လူဦးရေ (၁၃၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၈၇,၇၀၀/-) စုစုပေါင်းထောက်ပံငွေ (၄,၄၈၇,၇၀၀/-) ကျပ်တို့အား (၃၀-၇-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM



နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR