ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၁) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီအဖွဲ့များ၊  ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်း ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်  အသံချဲ့စက်ဖြင့်လိုက်လံအသိပေးခြင်း၊ နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း နှင့် (Mask Camping)လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR