COVID-19 ကူးစက်ရောဂါကာလအတွင်း
ပြည်တွင်းကူးစက်ပျံ့ပွားမှုကာကွယ်ရေးအတွက် COVID-19 ကူးစက်ရောဂါ
ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက်
ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊
မလိုအပ်ဘဲ အပြင်သို့ လုံးဝမထွက်ကြရန်၊ မဖြစ်မနေ အပြင်သို့ ထွက်ပါက နှာခေါင်းစည်း(mask)
များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစု လူဝေးရှိရာနေရာများသို့
မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19
ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ
လိုက်နာဆောင်ရွက်ကြရန်၊ ရပ်ဝေးခရီးသွားများ ဝင်ရောက် လာသူများရှိပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်
ကျန်းမာရေးဌာန များသို့ ဆက်သွယ်အကြောင်းကြားကြရန်နှင့် ပြည်သူအားလုံး ပူးပေါင်း
ပါဝင်ကြရန်အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်
၍ ရှောင်ရန်/ဆောင်ရန် စသည်များကို နေရာဒေသလိုက်၍ တိုင်းရင်သားဘာသာစကားတို့
ဖြင့်လှည့်လည် နှိုးဆော်ခြင်း၊ နှာခေါင်းစည်း (mask)များဖြန့်ဝေခြင်း၊
(Covid-19) အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊
သဘာဝဘေးအန္တရာယ် ဆိုင်ရာရှောင်ရန်/ ဆောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့်
ဗွီနှိုင်းများကပ်ခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြို့နယ်များအလိုက်ဆောင်ရွက်လျက်ရှိပါ
သည်။
ယနေ့ (၂၆-၁၁-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်အုပ်စု၊ ထန်းပင်ကန်ကျေးရွာ၊ ရွှေလှေကွင်းကျေးရွာ၊ လယ်ဦးကျေးရွာ၊ သဇင်ကွင်းကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ တာနားကျေးရွာနှင့် ဆုံကုန်းကျေးရွာ အုပ်စု ဆုံကုန်းကျေးရွာ၊ ရွှေဥဒေါင်းကျေးရွာ၊ တာနား ကျေးရွာ၊ မြောက်စုကျေးရွာ၊ အလယ်ကွင်းကျေးရွာ၊ တံတားဦးကျေးရွာတို့တွင်လည်းကောင်း၊
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မိုင်းခက်ကျေးရွာနှင့် နွယ်လန်းကျေးရွာ တို့တွင် လည်းကောင်း၊
ဗန်းမော်မြို့နယ်၊ မင်းကျောင်း ကုန်းရပ်ကွက်နှင့် အလယ်ရပ် ရပ်ကွက်တို့တွင်လည်းကောင်း၊
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ငွေပုလဲ၊ ရှမ်းချောင်းရပ်၊ ဝန်ထမ်းရပ်၊ ကလွင်၊ စုံခေါင်း၊ ရှားတောဝရပ်ကွက်တို့တွင် ထုံးဖိုလူငယ်များပရဟိတအသင်းတိုနှင့်ပူးပေါင်းဆောင်ရွက်၍လည်းကောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မြရတနာရပ်ကွက်၊မြကန်သာရပ်ကွက်၊ မြဟေမာရပ်ကွက်၊ မြစန္ဒာရပ်ကွက်တို့တွင်လည်းကောင်း၊
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ သက္ကယ်ချင်းကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာ၊ ဝက္ကမူကျေးရွာနှင့် ဗောဓိကုန်းကျေးရွာတို့တွင်လည်းကောင်း၊
လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာအုပ်စု၊ (ဥယျာဥ်ကုန်း၊တောင်ပေကုန်း၊ စောပြာ၊ လယ်ဦးစု) ကျေးရွာတို့တွင်လည်းကောင်း၊
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃)အုပ်စု၊ ကျေးရွာပေါင်း(၁၆)ရွာတို့ အလင်းရောင်ပရဟိတ အသင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်၍လည်းကောင်း၊
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ဘုရားနီကျေးရွာ၊ သန်းထောင်ကုန်း ကျေးရွာ၊ တောင်ပို့ကြီးကျေးရွာ နှင့် တုံးလည်ကျေးရွာတို့တွင်လည်းကောင်း၊
ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတို့တွင်လည်းကောင်း၊
(၂၅-၁၁-၂၀၂၀)ရက်နေ့ကလည်း ရှမ်ပြည်နယ်၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအုပ်စု၊ မိုင်းယော် ကျေးရွာတို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ လည်းကောင်း၊
သပိတ်ကျင်းမြို့နယ်၊ ပေါက်တပင်ကျေးရွာအုပ်စု၊ တွင်းငယ်းကျေးရွာအုပ်စု၊ စမ္ပါနဂိုရ်ကျေးရွာအုပ်စု၊ ကျောက်အိုင်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၉)ရွာတို့တွင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လည်းကောင်း၊
မိုင်းဖြတ်မြို့နယ်၊ ဟိုနား(အာခါ)ရပ်ကွက်နှင့် ဝမ်ဟွေရပ်ကွက်တို့တွင်လည်းကောင်း၊
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ် ၁၊ ၂၊ ၃၊ ၄၊ရပ်ကွက်နှင့် ကတ္တလူ၊ ထိန်းချောင်းကျေးရွာတို့တွင် လည်းကောင်း၊
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ မြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာနှင့် ကဇိုင်းကျေးရွာ တို့တွင်လည်းကောင်း၊
တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာ၊ ကမ္မလိုင်းကျေးရွာ၊ ရှမ်းအင်းတော် ကျေးရွာ၊ ရေဖြူကျေးရွာတို့တွင်လည်းကောင်း၊
ဖျာပုံမြို့နယ်ရှိ သလိပ်ကြီးကျေးရွာတို့တွင်လည်းကောင်း၊
မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေလောင်းမြို့၊ ရွှေလောင်းမြို့မရပ်ကွက်၊ ချောင်းဝရပ်ကွက်(၁)၊ ချောင်းဝရပ်ကွက် (၂)၊ ကမ်းနားရပ်ကွက်၊ မရမ်းချောင်းကျေးရွာ၊ ဇရပ်ချောင်းကျေးရွာ၊ မန်းရွှေအောင်ကျေးရွာ၊ ကင်ပွန်းချောင်းကျေးရွာ၊ ဖျာလိပ်ချောင်းကျေးရွာတို့တွင်လည်းကောင်း အသိပညာပေးဆောင်ရွက်ခြင်းများကို အထက်ဖော်ပြပါမြို့နယ်များတွင်ဆောင်ရွက်ခဲ့ကြပါသည်။
Source: EOC