ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃/၁၄-၃-၂၀၂၃)ရက်​နေ့တွင် မိုးရွာ သွန်း၍ ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဖိုး​ရွှေမြကုန်းရှိ ပြိုကျပျက်စီး​နေအိမ် (၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ဖိုးထောက်ပံ့​ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ကယ်ဆယ်​ရေး ပစ္စည်း (၁၇)မျိုးပါ (၂)ပုံး၊ ကိုးဆူ​အုပ်စု၊ သဲဂရက်​ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ် (၆)လုံး အတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၅၀,၀၀ဝ/-)ကျပ်၊ ​ကမ်းနီ​ကျေးရွာအုပ်စု၊ ကမ်းနီ ကျေးရွာရှိ ပြိုကျပျက်စီး​နေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံး၊ ရွာသစ်အုပ်စု၊ ကွင်း​ပေါက်​ကျေးရွာရှိ တစ်စိတ် တစ်ပိုင်းပျက်စီး​နေအိမ် (၃)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၉၀,၀၀ဝ/-)ကျပ်၊ စုစု​ပေါင်းအိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၆၄၀,၀၀ဝ/-)ကျပ်၊ ​ဘေးသင့်လူဦး​ရေ (၅၂)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၁၀၉,၂၀ဝ/-)ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၇၄၉,၂၀ဝ/-) ကျပ် တိတိအား (၁၅-၃-၂၀၂၃)ရက်​နေ့တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူ ပူး​ပေါင်း၍ ​ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သတင်းရရှိပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR