ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊အမှုထမ်းများသည် လှည်းကူးခရိုင်၊ လှည်းကူး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမတွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေအိမ်ပြင်ဆင်ရန်အတွက်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့ပြီး၊ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ ဥက္ကဌနှင့် အဖွဲ့၀င်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့၀င်များ၊ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီးလှည်းကူးမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆)အုပ်စု၊ ကျေးရွာ(၁၀) ရွာရှိ နေအိမ်(၃၀၀)လုံး အတွက် ထောက်ပံ့ငွေကျပ် (၁၈၉၀၀၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ပြီး (၁၁:၃၀) နာရီအချိန်တွင် ကျေးရွာများသို့ကွင်းဆင်း၍ နေအိမ်များပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR