အသိပညာပေးဆောင်ရွက်မှုသတင်း
၂၀ ဇူလိုင် ၂၀၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၇-၂၀၂၁)ရက်နေ့တွင် ဈေးရပ်ကွက်နှင့်
ကောင်းဟုန်းရပ်ကွက်တို့တွင် Covid – 19 ရောဂါ တတိယလှိုင်း
ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို
အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ Covid - 19ရောဂါ အသိပညာ ပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Maskများ ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
Source:DDM