လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ
(အနောက်ပိုင်း) မြို့နယ်၊(၁၄)ရပ်ကွက်၊ ချောင်းသာလမ်းတွင် (၂၃-၂-၂၀၂၂) ရက်နေ့၊ (၀၃း၀၇)နာရီအချိန်တွင်
ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ
(၄၀၀,၀၀၀/-)၊ လူဦးရေ (၂၂)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၆,၂၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း
(၁၇) မျိုး အိမ်ထောင်စု(၂)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု
(၂) စုစာအတွက် ဆပ်ပြာ (၂)တောင့်၊ လူဦးရေ (၂၂)ဦးအတွက် Mask (၄၄)ခုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၃-၃-၂၀၂၂)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင်
သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: DDM