ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အမှတ်(၈)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံး၊ အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့နှင့်ပူးပေါင်း၍ (၈-၁-၂၀၂၅)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၁:၃၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(စက်ရုံ)စာသင်ကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်း ဆရာ/မ (၁၀)ဦးနှင့် ကျောင်းသား/သူ (၂၀၃)ဦး၊ စုစုပေါင်း (၂၁၃)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန မှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ဝင်ဆံ့ ပေါင်းစည်းပေးခြင်း၊ ထူထောင်ပေးခြင်းကိစ္စရပ်များနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံးမှ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အမှတ်(၇၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉) မျိုး အသိပညာပေးလက်ကမ်းစာစောင် (၄၅၀)စောင်အား ကျောင်းသား/သူများထံ ဝေငှပေးခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် ရေဘေး၊မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး(တိုင်းရင်းသားဘာသာစကား) လက်ကမ်းစာစောင် (၁၀၀) စောင်ပေးအပ်ခြင်း၊ ​ကျောင်းဝန်းအတွင်း မီးဘေးအသိပညာပေး(၄x၅)ပေ ဗီနိုင်းပိုစတာကပ်နှံနိုင်ရေးအတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 


Source:  DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR