ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာအုပ်စု၊ သံဆိပ်ရွာမကျေးရွာနှင့် ပန်းအင်းကျေးရွာတို့၌ (၂၃-၇-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၀၀၀၀/-) ကျပ်၊ လူဦးရေ(၄၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၈၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၈၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိူးပါ (၃) အိမ်ထောင်စာတို့အား(၂-၈-၂၀၂၁) ရက်နေ့(၁၃:၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ ရွှေကျင်မြို့နယ်ဦးစီးမှူရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: DDM

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း

MOS

DSW

DDM

DOR