ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၁) ရက်နေ့၌ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပချားကလိုး(ပေါ်)ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ ဘေးသင့်လူဦးရေ(၁၂)ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာ (၂၅,၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး‌ငွေ (၅၀၀,၀ဝ၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၅,၂၀၀) ကျပ်နှင့် ပစ္စည်းတန်ဖိုး (၁၆၆,၃၀၈) ကျပ်အား (၉-၆-၂၀၂၁) ရက်နေ့၊ (၁၄:ဝ၀) အချိန်တွင် ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: EOC

နောက်ဆုံးရသတင်းများ

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာနှင့် တြိန်း ကျွန်းကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးအတွက် ထောက်ပံ့မှု သတင်း

MOS

DSW

DDM

DOR