လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊
ပွင့်ဖြူမြို့နယ်၊ ဥယျာဥ်ကျစ်ကျေးရွာအုပ်စု၊ ရှောက်တောကျေးရွာတွင်
(၂၁-၈-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၁)လုံး၊
အိမ်ထောင်စု (၁)စုမှ လူဦးရေ (၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)၊
ဆန်ရိက္ခာဖိုး (၂,၁၀၀ိ/-) ရန်ပုံငွေစုစုပေါင်း (၁၀၂,၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာတို့အား
(၂၅-၈-၂၀၂၁)ရက်နေ့ (၁၁း၃၀)နာရီအချိန် တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။