ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၂)ရက်နေ့၊ (၀၇း၃၀)နာရီအချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ စက်မှုလယ်ယာ(၁)လမ်းတွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀ိ/-)၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၉၄၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅)အိမ်ထောင်စာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အိမ်ထောင်စု(၅)စုအတွက် ဆပ်ပြာ(၅)တောင့်၊ လူဦးရေ (၁၄)ဦးအတွက် Mask(၂၈)ခုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် (၁၈-၂-၂၀၂၀)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR