လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၀-၂၀၂၁)ရက်နေ့၌ လက်ပံတန်းမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စုနှင့် ကျွန်းကလေး ကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-) အိမ်ထောင်စု(၂)စုရှိလူဦးရေ(၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝိ/-)ကျပ်ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေ(၂၂၁,၀၀၀/-)နှင့် မိုးကြိုးဘေးမှသေဆုံး(၁)ဦး အတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်၊ မိုးကြိုးဘေးမှတစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံငွေ (၆,၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၃၇၆,၃၀၀/-)အား (၁၆-၁၀-၂၀၂၁)ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
Source: DDM