ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၀)ရပ်ကွက်၊ အပိုင်း(၂)၊ ပဲခူးမြစ်လမ်းသွယ် (၂)လမ်းနှင့် စွယ်တော် (၂)လမ်းတွင် (၅-၃-၂၀၂၂) ရက်နေ့၊ (၀၅း၁၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်အိမ်ခြေ (၃၁)လုံးမီးဘေး သင့်ခဲ့ပြီး၊ အိမ်ထောင်စု (၃၁) စုမှ လူဦးရေ (၁၃၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်လူဦးရေ (၁၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၇၅,၁၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၃၁)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန်  အိမ်ထောင်စု (၁) စုစာအတွက် ဆပ်ပြာ (၁)တောင့်၊ လူဦးရေ (၁၃၁) ဦးအတွက် Mask (၂၆၂) ခုတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၆-၃-၂၀၂၂) ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR