အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
၀၈ အောက်တိုဘာ ၂၀၂၁
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊
ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၁)ရက်နေ့ (၀၉:၀၀)အချိန်မှ(၁၂:၃၀)အချိန်ထိ ချောင်းဆုံမြို့နယ်၊
ချောင်းဆုံအရှေ့ရပ်ကွက်နှင့် ချောင်းဆုံ အနောက်ရပ်ကွက်အတွင်းရှိ ပြည်သူများအား
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား
အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM