ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၌ (၂၀-၉-၂၀၂၃) ရက်နေ့၊ တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာတွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါကမ်းပါး အရေးပေါ်ကာကွယ်ရေးလုပ်ငန်းအား တိုင်းဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်း၍ ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၈) ဦးတို့အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝ/-) နှင့် ဆန်ရိက္ခာဖိုး (၁၀၀,၈၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၀,၈၀ဝ/-)  အား (၂၃-၁၀-၂၀၂၃) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR