ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်း‌ကျေးရွာအုပ်စု၊ စည်သာ‌အေးကျေးရွာ၌ (၂၅.၄.၂၀၂၆)ရက်နေ့ (၁၇း၃၀)အချိန်ခန့် တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ  (၃၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့‌ငွေ (၃၀၀,၀၀ဝိ/-)တို့အား (၂၆.၄.၂၀၂၆)ရက်နေ့၊ (၁၃း၀၀)အချိန်တွင်၊ မောင်းရမ်း‌ကျေးရွာအုပ်စု၊ စည်သာအေး‌ကျေးရွာဓမ္မာရုံ၌ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊‌ ဘေး/စီမံ နေပြည်တော်တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ဥတ္တရသီရိမြို့နယ် အ‌ထွ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ ‌ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် အတူ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR