လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် မာမား
(၃၀) ထုပ်ပါ (၆၀) ဖာကို အရှေ့တောင် တိုင်းစစ် ဌာန ချုပ်ကိုယ်စား
ဗိုလ်မှူးကြီးတိုးဝင်းမှ လည်းကောင်း၊ (၂၇-၇-၂၀၂၁) ရက်နေ့ (၁၈:၀၀) အချိန်မှ
(၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၂၀၀) နာရီအချိန်ထိ ကယ်ဆယ်ရေးစခန်း (၁၂) ခုသို့
ရောက်ရှိလာသည့် ထပ်တိုးလူဦးရေ (၂၄၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅,၀၈၂,၀၀၀/-)
ကျပ်တို့အား လည်းကောင်း၊ ရေဘေးရှောင်စခန်းများတွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု
မဖြစ်ပွားစေရေး အတွက် ရေဘေးသင့်မိသားစုဝင်များအတွက် တာပေါ်လင်လိပ် (၂) လိပ်တို့အား
(၂၉-၇-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM