ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတောင်ကြီးမြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာ၌ (၁၄-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦး ဘေးသင့်ခဲ့ပါသဖြင့် အဆိုပါလေပြင်းဘေးသင့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၀,၅၀ဝိ/)၊ စုစုပေါင်း(၆၀,၅၀ဝိ/-) အား (၂၃-၅-၂၀၂၃) ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် အနော်ရထာလမ်းထောင့်၌ မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR