ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဝန်ကြီးရုံး
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်း(၂)ခုအား မြန်မာနိုင်ငံသားလုပ်ငန်းရှင်များနှင့်ဆောင်ရွက်လိုပါသဖြင့် အိတ်ဖွင့်တင်ဒါများတင်သွင်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါသည်-
|
Lot 1 |
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃)၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဥတ္တရသီရိမြို့နယ် |
4 Angle အမိုးအသစ်လဲလှယ်ခြင်း (၃၁၄၂၉ စ/ပေ) |
|
Lot 2 |
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃)၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဥတ္တရသီရိမြို့နယ် |
အဆောက်အဦအပြင်နံရံဆေးသုတ်ခြင်း (၅၀၆၃၇ စ/ပေ)
|
၂။ အိတ်ဖွင့်တင်ဒါများကို အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပါမည်-
(က) တင်ဒါပုံစံရောင်းချမည့်ရက်၊ အချိန် - (၁-၆-၂၀၂၆)ရက်နေ့မှ(၁၂-၆-၂၀၂၆) ရက်နေ့အထိ(ရုံးချိန်အတွင်း)
(ခ) တင်ဒါတင်သွင်းရမည့်ရက်၊အချိန် - (၂-၆-၂၀၂၆)ရက်နေ့မှ(၁၃-၆-၂၀၂၆) ရက်နေ့အထိ(ရုံးချိန်အတွင်း)
(ဂ) တင်ဒါရောင်းချ/တင်သွင်းရမည့်နေရာ - လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး
ရုံးအမှတ် (၂၃)၊ နေပြည်တော်
(ဃ) တင်ဒါဖွင့်ဖောက်မည့်ရက်/အချိန် - (၂၂-၆-၂၀၂၆) ရက်၊ တနင်္လာနေ့ နံနက် (၁၀:ဝဝ) နာရီမှ (၁၆:ဝဝ) နာရီ အတွင်း
၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါကဖုန်းနံပါတ်- ၀၆၇-၃၄၀၄၁၁၆၊ ၀၆၇-၃၄၀၄၅၂၃ သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

