ကျောင်းများတည်နေရာ
ရန်ကုန် VTW - အမှတ်(၁၈) ၊နတ်မောက်လမ်းသွယ် ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၅၅၄၂၈၂
မန္တလေးVTW- အကွက်အမှတ် (၄၁)၊ဘုန်းတော်တိုးရပ်ကွက် ၊ ရွှေကျင်သံလမ်းအနီး၊
အောင်မြေသာဇံမြို့နယ် ၊ ဖုန်းနံပါတ် ၀၂-၄၀၆၀၄၇၅
ကျိုင်းတုံ VTW- အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလုံ မိုင်းယန်လမ်း၊ ကျိုင်းတုံမြို့၊
ဖုန်းနံပါတ် ၀၈၄-၂၁၈၉၆
မြိတ် VTW - စန္ဒဝတ်ကျေးရွာအုပ်စု ၊ကရှက်ကျေးရွာ ၊ မြိတ်မြို့၊
ဖုန်းနံပါတ် ၀၅၉-၄၁၆၅၈
ရည်ရွယ်ချက်
- ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသော အမျိုးသမီးငယ်များအား မှန်ကန် သော အတွေးအခေါ်များရရှိစေရန်နှင့် အကျင့်စာရိတ္တပြုပြင်ပေးရန်၊
- သက်မွေးပညာသင်ကြားပေးခြင်းဖြင့် ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး ဘဝရပ်တည်နိုင်ရန်၊
- လူနေမှုဘဝ အနေအထိုင်များ၊ ပြင်ပဗဟုသုတများ၊ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လူမှုအသိုက်အဝန်းအတွင်းပြန်လည်ဝင်ဆန့်လာနိုင်ရန်၊
လက်ခံသည့်အမျိုးအစား
- ကလေးသူငယ်တရားရုံးမှ ပို့အပ်သည့် အသက်(၁၈)နှစ်အောက် အမျိုးသမီးငယ်များ
- လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားချက်ဖြင့် ပို့အပ်သော အမျိုးသမီးများ
လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများ
- စားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း
- အကျင့်စာရိတ္တနှင့် စည်းကမ်းကောင်းမွန်စေရန် လမ်းညွှန်သင်ကြားပေးခြင်း
- ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
- ‘အ’သုံးလုံးသင်ကြားပေးခြင်း
- အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးခြင်း
- မိဘရပ်ထံပြန်လည်အပ်နှံပေးခြင်း
ရန်ကုန်မြို့ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းတွင် ကျောင်းသူများအား စက်ချုပ်သင်တန်းသင်ကြားနေပုံ