အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း (၁၁)ကျောင်းရှိပါသည်။
ကျောင်းများတည်နေရာ
ရန်ကုန် HS - မ- ၁၃၅ ၊ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ ၊ ဖုန်းနံပါတ် ၀၁-၅၃၆၂၈၀
မန္တလေး HS - မ-၁၆၉ ၊၈၃လမ်း၊၂၅ x၂၆ လမ်းကြား၊အောင်မြေသာဇံမြို့နယ်၊ မန္တလေးမြို့ ၊ ဖုန်းနံပါတ် ၀၂-၄၀ ၃၆၇၉၈
မော်လမြိုင် HS - ရွှေတောင်တန်းရပ် ၊အထက်လမ်းမကြီး၊မော်လမြိုင်မြို့၊ ဖုန်းနံပါတ် ၀၅၇-၂၀၂၇၁၆၆
တောင်ငူ HS - (၁၈)ရပ်ကွက်၊ စည်သူလမ်းတောင်ငူမြို့၊ ဖုန်းနံပါတ် ၀၅၄-၂၃၅၇၁
မြစ်ကြီးနား HS - (၉၂)၊ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ဖုန်းနံပါတ် ၀၇၄-၂၂၅၅၈
ဖျာပုံ HS - (၁၂)ရပ်ကွက်၊ ဒုတိယလမ်း၊သီရိအဏ္ဏဝါခန်းမအနီး၊ ရွှေရတုရိပ်သာ၊ ဖျာပုံမြို့၊ဖုန်း ၀၉-၄၂၂ ၇၄၁၁၀၄
ပုသိမ် HS - (၂)ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့ ၊ ဖုန်းနံပါတ် ၀၄၂-၂၅၃၇၃
ရွာငံ HS - (၈၂)ရွှေဖူးရုံအရှေ့တွင်း၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု ၊ ရွာငံမြို့၊ ဖုန်းနံပါတ် ၀၈၁-၆၈၀၁၅
စစ်တွေ HS - အကွက်(၉) ၊ မေယုလမ်း၊ မန်ကျည်းမြိုင်ရပ်ကွက်၊ ရန်ကုန်-စစ်တွေလမ်းမကြီး ၊ ဖုန်း ၀၄၃-၂၂၀၆၇
ဟားခါး HS - ဆေး(၁)ရပ်ကွက်၊ဆေးရုံလမ်းခွဲအနီး၊ဟားခါး ၊ဖုန်း ၀၇၀-၂၁၀၆၈
ထားဝယ် HS - ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့၊ ဖုန်း ၀၅၉-၂၀၂၄၀၀၉
ရည်ရွယ်ချက်
- အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်နိုင်ရန်၊
- အိမ်တွင်းမှုသင်တန်းအား စိတ်ပါဝင်စားသူဖြစ်ရမည်။
- မြန်မာစာရေးတတ်ဖတ်တတ်ပြီး အတွက်အချက်တတ်ရမည်။
- ကျန်းမာကြံ့ခိုင်မှုရှိ၍ ကျောင်းစည်းကမ်းလိုက်နာမှုရှိရမည်။
သင်တန်းကာလ
- သင်တန်းအပတ်စဉ်တစ်ခုလျှင် တစ်လခွဲကြာဖြင့် တစ်နှစ်လျှင် သင်တန်း (၈)ကြိမ် ဖွင့်လှစ် သင်ကြားပါသည်။
သင်ကြားပေးသည့် သင်တန်းအမျိုးအစားများ
- စက်ချုပ်သင်တန်း (စင်တီမီတာ၊ လက်မ၊ ပုံဆန်း၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ ဘောင်းဘီ)
- စက်ရုံသုံးမော်တာစက်ချုပ်သင်တန်း
- ဇာထိုး၊ ပန်းထိုးသင်တန်း/ စက်ကြီးပန်းထိုး/ စက်ကလေးပန်းထိုး
- မုန့်မျိုးစုံသင်တန်း
- မြန်မာအစားအစာ၊ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ သင်တန်း
- ပန်းအလှပြင်သင်တန်း/သစ်သီးအလှပြင်သင်တန်း
- သီးယိုဆီစိမ်သင်တန်း
ပုသိမ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် သင်တန်းသူများအား စက်ချုပ်သင်တန်းသင်ကြားနေပုံ
ပုသိမ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် သင်တန်းသူများအား စက်ချုပ်သင်တန်းသင်ကြားနေပုံ
ရပ်ရွာအခြေပြုအိမ်တွင်းမှုသင်တန်းများ
အိမ်တွင်းမှုကျောင်းများသို့ လာရောက်သင်ကြားနိုင်ခြင်း မရှိသောသူများအား အိမ်တွင်းမှု ပညာရပ်ဖြင့် အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှရရှိစေရန် ရည်ရွယ်၍ စက်ချုပ်သင်တန်း(အခြေခံ၊ အဆင့်မြင့်) ၊ မုန့်လုပ်နည်းသင်တန်း၊ အိတ်ချုပ်နည်းသင်တန်း၊ မော်တာအပ်ချုပ် သင်တန်း၊ ကျားရှပ်သင်တန်း၊ မြန်မာ့အစားအစာသင်တန်း၊ တရုတ် အစားအစာသင်တန်း၊ ပန်းကြယ်သီးသင်တန်း၊ ပန်းအလှပြင်သင်တန်းများအား ရပ်ရွာ အခြေပြုသင်တန်းများအဖြစ် သင်တန်းသားများရှိရာ ရပ်ရွာများသို့ ကွင်းဆင်းသင်ကြား ပေးလျက်ရှိပါသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ သော်ကမြောင်ပရဟိတဂေဟာတွင် ရပ်ရွာအခြေပြု ပန်းသင်တန်းသင်ကြားနေပုံ
မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် ရပ်ရွာအခြေပြု မိန်းမဝတ်အခြေခံစက်ချုပ်သင်တန်းသင်ကြားနေပုံ