ဝန်ဆောင်မှုလုပ်ငန်း

ရည်ရွယ်ချက်

၁။  လူမှုကာကွယ်စောင့်ရှောက်ရေးဂေဟာရှိ ခိုကိုးရာမဲ့များ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးနှင့် မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် ဖြစ်ပါ သည်။


စတင်တည်ထောင်သည့်ခုနှစ်

၂။  ဝါးနက်ချောင်းလူမှုကာကွယ်စောင့်ရှောက်ရေးဂေဟာကို ၂၀၀၃ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပါသည်။


တည်နေရာ

၃။  လူမှုကာကွယ်စောင့်ရှောက်ရေးဂေဟာသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ တည်ရှိပါသည်။


လူဦးရေ

၄။  လက်ရှိတွင် ဝါးနက်ချောင်းလူမှုကာကွယ်စောင့်ရှောက်ရေးဂေဟာ၌ ကျား(၅၉)ဦး၊ မ(၃၅)ဦး လူဦးရေစုစုပေါင်း (၉၄)ဦးလက်ခံစောင့်ရှောက်ထားရှိပါသည်။



MOS

DSW

DDM

DOR