ဝန်ဆောင်မှုလုပ်ငန်း

  •  ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကြီး(၅)ရပ်တွင် မူးယစ် 
  • ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ မူးယစ် ဆေးဖြတ်ပြီးသူများ
  • ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ၁၉၈၀ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါသည်။မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို စခန်းအခြေပြုပြန်လည် ထူထောင်ရေးလုပ်ငန်း၊ စခန်းနှင့်ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းဟူ၍ နည်းဗျူဟာ(၃)ရပ်တို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
  • ပြန်လည်ထူထောင်ရေးစခန်း(၁၄)ခုကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နမ့်လတ်(တောင်ကြီး)၊ မြဝတီ၊ ကော့သောင်း၊ ဝက်ထီးကန်(ပြည်)၊ ဖယ်ခုံနှင့် ဘားအံ၊ ထားဝယ်နှင့် မြိတ်မြို့တို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
  • ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဖွင့်လှစ်သော မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများတွင် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများကို သင်တန်းကာလ ရက် (၉၀) ကြာ ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းများကို ရပ်ရွာအတွင်းရှိ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ သင်တန်းကာလ ရက် (၄၀) ကြာဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင်   အောက်ပါအတိုင်း  ပြန်လည်ထူထောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-

(က) သင်တန်းသားများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များ စုံစမ်းမေးမြန်းမှတ်တမ်းတင်ခြင်း၊ 

( ခ) သုံးစွဲသောဆေးအမျိုးအစားအလိုက်သင်တန်းသားများအား အကဲဖြတ်ခြင်း၊

( ဂ) ပြန်လည်ထူထောင်ရေးနည်းစနစ်များဖြင့် အောက်ပါအတိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်-

(၁) စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း

(ကက) တစ်ဦးချင်း၊ အုပ်စုလိုက်၊ မိသားစုဝင်များနှင့်နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊

( ခခ ) စိတ်တည်ငြိမ်အေးချမ်းမှု ကျင့်စဉ်လေ့ကျင့်ပေးခြင်း၊

( ဂဂ ) သုံးစွဲသောမူးယစ်ဆေးဝါးအလိုက် ကြိုတင်ကာကွယ် အသိပညာပေးဆွေးနွေး         ပေးခြင်း၊

(ဃဃ) အလုပ်ပေးကုထုံး၊ဘာသာရေးကုထုံးပြုလုပ်ပေးခြင်း၊

( ငင ) စိတ်အပန်းဖြေဖျော်ဖြေမှုများပြုလုပ်ပေးခြင်း။

(၂) ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်း

(ကက) အားကစားမျိုးစုံ လှုပ်ရှားမှုဆောင်ရွက်ပေးခြင်း၊

( ခခ ) ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်မှုဆောင်ရွက်ပေးခြင်း၊

( ဂဂ ) ကျန်းမာရေး စောင့်ရှောက်မှုပြုလုပ်ပေးခြင်း၊

(၃) အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးခြင်း၊

(၄) လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ပြင်ဆင်ပေးခြင်း၊

(၅) နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်း။

အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်း

စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း၊စခန်းနှင့်ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း နှင့် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများတွင် ဆံသသင်တန်း၊ ဝရိန်ဆော်သင်တန်း၊ တံဆိပ်ရိုက် သင်တန်း၊ ဆပ်ပြာဆီထုတ်လုပ်ခြင်းသင်တန်း၊ အခြေခံဆိုင်ကယ်ပြင်နှင့် အခြေခံကွန်ပျူတာပြုပြင်သင်တန်း၊ အလှခြင်းယက်လုပ်ငန်း၊ အခြေခံအိမ်တွင်းလျှပ်စစ်ပြင်သင်တန်း ၊ အခြေခံလူသုံးအလှကုန် ထုတ်လုပ်ခြင်းသင်တန်း၊ ဆိုင်ကယ်ဝါယာရိန်းပြုပြင်ရေးသင်တန်း၊ ဘလောက်အုတ်လုပ်ငန်း၊ မုန့်လုပ်ငန်းသင်တန်း၊ ကောက်ရိုးမှို နှင့် ငွေနှင်းမှို စိုက်ပျိုးနည်းသင်တန်းနှင့် သံဂဟေဆက်သင်တန်းများပို့ချပေးနိုင်ခဲ့ပါသည်။

နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများ

ပြန်လည်ထူထောင်ရေးစခန်းများမှ သင်တန်းဆင်းပြီးသူများအနေဖြင့် ၎င်းတို့၏ ဆန္ဒအရ နောက်ဆက် တွဲစောင့်ရှောက်မှုကာလ တစ်နှစ်ကို မပျက်မကွက်ခံယူရပါသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စိတ်ပိုင်းဆိုင်ရာ မူးယစ်ဆေးစွဲလမ်းမှုနှင့်ပတ်ဝန်းကျင်မိသားစုအသိုင်းအဝိုင်းများနှင့် အံဝင်ခွင်ကျဖြစ်စေရန်အတွက် နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းအား  စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများက ဆောင်ရွက်ပေးလျက်ရှိပါသည်။ သင်တန်းသားများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မိသားစုများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လူမှုရေးပြဿနာများရှိပါက ညှိနှိုင်းဖြေရှင်းပေးခြင်း၊ သင်တန်းသားများ မူးယစ်ဆေးဝါး ပြန်လည်မသုံးစွဲရေးအတွက် စဉ်ဆက်မပြတ်ကူညီခြင်း တို့ဆောင်ရွက်ပေးပြီးသင်တန်းသားများ၏တိုးတက်မှုအခြေအနေအား ပြန်လည်ထူထောင်ရေးဦးစီးဌာနရုံးချုပ်သို့ လစဉ်အစီရင်ခံစာ တင်ပြရပါသည်။


MOS

DSW

DDM

DOR