ဝန်ဆောင်မှုလုပ်ငန်း

၁။ လူမှုဝန်ထမ်းဦးစီးဌာနသည် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ် ထားရှိသောဂေဟာ/ရိပ်သာတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေးသူငယ်၊ လူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ စားဝတ်နေရေးဖူလုံနိုင်ရေးအတွက် နိုင်ငံတော်မှခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေမှခွဲဝေ၍ ထောက်ပံ့ပေးလျက်ပါသည်။

၂။ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း လမ်းညွှန်နှင့် ဂေဟာသင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ အနိမ့်ဆုံးစံချိန်စံညွှန်းများ စာအုပ်(၂)အုပ်ကိုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းလမ်းညွှန်များနှင့်အညီ စေ/ဖွဲ့စည်းများသို့စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းများ ပြုလုပ်၍ လူမှုဝန်ထမ်းဉီးစီးဌာနသည် ရပ်ရွာအတွင်းတည်ထောင်ဖွင့်လှစ်ထားသည့်  စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ မသန်စွမ်းဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် စေတနာ့ဝန်ထမ်း အမျိုးသမီးဂေဟာများသို့ အောက်ပါနှုန်းထားများဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည် -

- ပထမအဆင့်  ဆန်ဘိုးငွေထောက်ပံ့ခြင်း

(၁)ဦး(၁)နှစ်၅၄၀၀၀/-

ဒုတိယအဆင့်  ဆန်ဘိုးငွေ+စားစရိတ်+ဝတ်စရိတ်

            စားစရိတ် (၁)ဦးX(၁)နှစ်၇၃၀၀၀/-

            ဝတ်စရိတ်(၁)ဦးX(၁)နှစ်၂၀၀၀၀/-

        တတိယအဆင့် ဆန်ဘိုးငွေ+စားစရိတ်+ဝတ်စရိတ်+ဂေဟာမှူးလစာ

              ဂေဟာမှူးလစာ (၁)ဦးX(၁)နှစ်၃၆၀၀၀၀/-

- သုံးမြွှာပူးနှင့်အထက်မွေးသောမိခင်နှင့်ကလေးဆုအဖြစ် တစ်ကြိမ်တည်း   ၅၀၀၀၀၀/- ထောက်ပံ့ခြင်း

၃။ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ(၂၃၁)ခု၊ မသန်စွမ်းဂေဟာ(၁၃)ခု၊ ဘိုးဘွားရိပ်သာ(၈၃)ခု၊ အမျိုးသမီးဂေဟာများ(၁၂)ခု၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၅၄၅)ကျောင်း၊ စေတနာမူလတန်းညကျောင်း (၁၉) ကျောင်း၊ လူငယ့်ရိပ်သာ(၂၈)ခုနှင့် သုံးမြွှာပူးနှင့်အထက်မွေးသော မိခင်နှင့်ကလေးဆု(၅၀)ဆု တို့ကို စုစုပေါင်း ကျပ်သန်း(၅၃၅၄.၇၆၁) ထောက်ပံ့ပေးပြီးဖြစ်ပါသည်။


MOS

DSW

DDM

DOR