အသက် ()မှ () နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ (အခြေခံ) သင်တန်းကို (၅.၁၁.၂၀၂၅) ရက်မှ (၂၈.၁၁.၂၀၂၅) ရက်ထိ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားပြီး၊ သင်တန်းသူများအား ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါသည်၊၊

ထို့နောက် သင်တန်းသူလေးများက မျှော်လင့်နေတုန်း ပျိုဖုန်းလှမ်းခဲ့ပါ တေးသီချင်း၊ ကြာဆစ်ကြိုး ကဗျာ၊ လောကအားမာန် သီချင်းတို့ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။ အခမ်းအနားကို နံနက် (၁:၀၀)နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော   ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြများမှ သင်တန်းသူများပြုလုပ်ထားသော လက်မှုများ၊ သင်ထောက်ကူပစ္စည်းများ၊ ပန်းချီများ ခင်းကျင်းထားသည်များအား ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသူများအား အားပေးစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ စုစုပေါင်းအင်အား (၄၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။






နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR