တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် “တရားမျှတမှုနဲ့ အခွင့်အရေး များရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ မြန်မာ နိုင်ငံအမျိုးသမီးများနေ့အခမ်းအနားကို ၈-၂-၂၀၂၆ ရက်၊ နေ့လယ် ၁၃:၀၀ နာရီအချိန်၌ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တကွတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးများ ဘဝမြှင့်တင်ရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ သူနာပြု တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများနှင့် ထားဝယ်မူလတန်းကြိုကျောင်းမှ ကလေးမိဘများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား Video Clip ပြသခြင်းနှင့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် မှတ်တမ်း Video ပြသခဲ့ပြီးနောက် ထားဝယ်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “Top of the World” တေးသီချင်းဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပြီး အခမ်းအနားကို နေ့လယ် ၁:၃၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း

MOS

DSW

DDM

DOR